18+ဇာတ်လမ်းကိုမှ IMdb (7.1) ရရှိထားတဲ့Ratingမြင့်ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။Roseတစ်ယောက်ဦးနှောက်ကင်ဆာကျွမ်းနေပြီဖြစ်ကြောင်းအသက်ရှင်ရန်၆လသာအချိန်ရတော့ကြောင်းသူ့ကိုယ်သူသိလိုက်ရတဲ့အချိန်မှာတော့သူ့ဘဝရဲ့နောက်ဆုံးအချိန်တွေကိုခရီးသွားရင်းကုန်ဆုံးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့ရဲ့ချစ်လှစွာသောလက်ထပ်ခါနီးတဲ့အကိုကလက်ထပ်ဖို့စုထားတဲ့ဒေါ်လာ၅သောင်းကိုသူ့ခရီးမှာသုံးဖို့စပွန်ဆာပေးခဲ့ပုံတွေ၊ခရီးမှာဘက်ပဲ့နေတဲ့Roseခမျာအဖော်ရဖို့ကောင်မလေးတစ်ယောက်ခေါ်ခဲ့ပုံတွေ၊စေ့စပ်ထားတဲ့သူ့အစ်ကိုစုံတွဲသူ့ကြောင့်ကတောက်ကစဖြစ်ရပုံတွေ၊ကိုယ့်ကိုကိုယ်သေမှာသိနေတဲ့လူတစ်ယောက်ရဲ့ခံစားချက်တွေ၊သေခါနီးလူတစ်ယောက်ရဲ့နားမှာလှုပ်ရှားရုန်းကန်နေရတဲ့လူတစ်စုရဲ့အကြောင်းတွေကိုဟာသနှောကာရိုဆန်ဆန်လက်တွေ့ကျကျဘယ်လိုတွေ့မြင်ရမလဲဆိုတာကိုဇာတ်ကားမှာကြည့်လိုက်ကြပါ။