Adan (2019)

အယ်လန်ဆိုတဲ့ကောင်မလေးက,ကလေးဘဝကတည်းကအမေဖြစ်သူကထားခဲ့တာကြောင့်မိတဆိုးသမီးလေးအဖြစ်အဖေဖြစ်သူနဲ့အတူနေထိုင်ခဲ့ရပါတယ်။ကျေးတောသူလေးအယ်လန်မှာအရင်းနှီးဆုံးဆိုလို့ရန်ဆိုတဲ့သူငယ်ချင်းမလေးပဲရှိပါတယ်။အယ်လန်တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့အချိန်အယ်လန်အဖေ့မှာအကြွေးတွေပုံလာတဲ့အချိန်မှာအယ်လန်ကိုအကြွေးရှင်လက်ထဲကိုထိုးထည့်ဖို့ဖြစ်လာပါတော့တယ်။အယ်လန်သိသွားတဲ့အချိန်မှာထွက်ပြေးဖို့ကြိုးစားရင်းအဖေဖြစ်သူကိုလက်လွန်ပြီးသတ်လိုက်မိပါတော့တယ်။ဒီအချိန်မှာရန်ရောက်လာပြီးရန်နဲ့ အယ်လန်မြို့ကိုထွက်ပြေးရင်းသံယောဇဉ်တွေဆထက်တိုးခဲ့ပါတယ်။ဒါပေမယ့်သူတို့ရဲ့ချစ်ခရီးလမ်းသာယာဖြောင့်ဖြူးရဲ့လားဆိုတာကိုဇာတ်ကားမှာကြည့်လိုက်ကြပါ။