Ex With Benefits (2015)

အာကီရှာနဲ့ကတ်စ်ထရန့်စ်တို့ဟာတစ်ချိန်ကသိပ်ချစ်ခဲ့ကြတဲ့ချစ်သူတွေပါ။ဒါပေမယ့်တစ်နေ့တော့အကြောင်းတစ်ခုကြောင့်နှစ်ဦးသားရန်ဖြစ်ကြပြီးအာကီရှာဟာထူးဆန်းစွာပျောက်ကွယ်သွားခဲ့ပါတယ်။ဖုန်းနံပါတ်ပါပြောင်းသွားတဲ့အပြင်အဆိုးဆုံးကအတူတူတက်နေကြတဲ့ဆေးကျောင်းကပါထွက်သွားခဲ့တာပါ။ကျန်ခဲ့တဲ့ကောင်လေးကတ်စ်ထရန့်စ်ကတော့နောင်တတွေနဲ့အရူးတစ်ပိုင်းပေါ့ဒီလိုနဲ့ဆယ်နှစ်ကြာပြီးတဲ့အခါမှာမှထွက်ပြေးသွားတဲ့ကောင်မလေးအာကီရှာနဲ့ကတ်စ်ထရန့်စ်တို့နှစ်ဦးသားအလုပ်အတူလုပ်ရဖို့အကြောင်းဖန်လာပါတယ်။သူတို့နှစ်ဦးပြန်လည်တွေ့ဆုံကြတဲ့အခါမှာတော့အာကီရှာဟာဘာလို့ရုတ်တရက်ပျောက်ကွယ်သွားခဲ့တာလဲ။အရင်က ဆေးကျောင်းသူလေးအာကီရှာတစ်ယောက်ရဲ့ဘဝဘယ်လိုများပြောင်းလဲသွားလဲစသည်ဖြင့်စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးများရဲ့ထုံးစံအတိုင်းပေါ့ပါ့ပါးပါးနဲ့ကြည့်ရှုသူပရိသတ်တွေကိုနှစ်သက်သဘောကျစေမှာဖြစ်တာကြောင့်မလွတ်တမ်းကြည့်ရှုလိုက်ပါဦး။