ဇာတ်လမ်းကတော့ဟောင်ကောင်အပြာစာရေးဆရာ Wyman Chan တို့သူငယ်ချင်းတစ်စုဟောင်ကောင်အပြာစာအုပ်စျေးကွက်မကောင်းတော့တဲ့အဖြစ်နဲ့ကြုံပြီးတိုင်ပင်ကြရာကနေ JAV ဂျပန်အောကားရိုက်ကူးထုတ်လုပ်ဖို့တိုင်ပင်ကြပြီးဂျပန်ကိုသွားကြပါတယ်။အောကားရိုက်တဲ့အချိန်အောမင်းသားသရုပ်ဆောင်နေတာကရိုးစင်းလွန်းတာကြောင့် Wyman Chan ရဲ့သူငယ်ချင်းကအောမင်းသားကိုအပြစ်ပြောတဲ့အတွက်ဂျပန်အောမင်းသားကမရိုက်နိုင်ဘူးပြောပြီးထွက်သွားပါတော့တယ်။အောမင်းသားမရှိပဲအောမင်းသမီးလေးတစ်ယောက်တည်းနဲ့တော့အောကားကိုဆက်ရိုက်ဖို့မဖြစ်နိုင်တာကြောင့်ဂျပန်အောမင်းသမီးလေးက Wyman Chan တို့သူငယ်ချင်းအုပ်စုထဲကတစ်ယောက်ကိုအောမင်းသားအဖြစ်ဝင်သရုပ်ဆောင်ခိုင်းပါတယ်။Wyman Chan ကပဲအောမင်းသားအဖြစ်သရုပ်ဆောင်ဖို့ဖြစ်လာပါတော့တယ်။သူကိုယ်တိုင်သရုပ်ဆောင်ရိုက်ကူးလိုက်တဲ့ JAV ဂျပန်အောကားဟာဆိုရင်ထင်မှတ်မထားရလောက်အောင်ဂျပန်မှာတင်မကဟောင်ကောင်နဲ့တရုတ်မှာလည်းဝက်ဝက်ကွဲအောင်မြင်ပြီးသတင်းဌာနတွေကပါကြည့်ရှု့သူတွေကိုအင်တာဗျူးလုပ်ပြီးသတင်းကြေငြာရတဲ့အဆင့်အထိ့ကိုအောင်မြင်လာပါတယ်။Wyman Chan တစ်ယောက်ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုဇာတ်ကားမှာပဲကြည့်လိုက်ကြပါလို့ပြောပါရစေ။