Pretty Woman

မင်းသမီးရဲ့ဇာတ်ရုပ်အကြောင်းပဲကြည့်ကြတာပေါ့။သူကလမ်းပေါ်ကမိန်းကလေးဒါပေမယ့် ပထွေးရန်ကလွတ်အောင်ထွက်ပြေးလာတာတို့ဘာတို့မဟုတ်ဘူး။one bad decision after another အမှားတစ်ခုကနေနောက်တစ်ခုနဲ့ဒီလမ်းပေါ်ရောက်လာတာ။အကုသိုလ်တွေဘဝအကျိုးပေးမကောင်းလို့တွေဒရာမာမပါဘဲ escort ဖြစ်လာတယ်ပေါ့။ဒီအလုပ်ကြီးကိုသိပ်ကြိုက်လှတယ်မဟုတ်ဘဲလုပ်နေရကြောင်းကိုပထမဆုံးညကငိုလိုက်ရတာလို့ပြောတာလောက်သူ့အလုပ်အကိုင်ကိုလူမသိစေချင်တာလောက်ပဲပြသွားတယ်။စကားပြောတာလဲညစ်ညစ်ညမ်းညမ်းမပါဘဲလေယူလေသိမ်းအပြုအမူနဲ့ပဲအဆင့်မရှိတာပြတယ်။ဒါတောင်သူက သူ့စကပ်ကိုဆွဲဆွဲချနေသေးတာလူချမ်းသာကြီးနဲ့ပွပေါက်တိုးတော့အလိုက်အထိုက်နေရင်းအဆင်ပြေလာတယ်ပေါ့။ချစ်သူကလဲလက်ခံပြီးလူတွေကလဲလက်ခံလာတယ်ပေါ့။အဲ့မှာ Vivian က escort တစ်မျိုးသမီးလုံးကိုကိုယ်စားပြုတဲ့ကာရိုက်တာဖြစ်လားဆိုတော့မဖြစ်ဘူးရယ်။ဘာကွာသွားလဲဆိုတော့ Vivian က ကြိုးစားတယ်ရိုးသားတယ်သူ innocent ဆိုတာခံစားရတယ်။သူအကျီသွားဝယ်တယ်သူ့ကိုမရောင်းဘူးဘာလို့မရောင်းလဲသူသိတယ်။ကူညီနိုင်မယ့်လူကိုရိုးရိုးသားသားပြောပြတယ်။ညစာစားပွဲသွားရမယ်နော်သူဇွန်းခရင်းမကိုင်တတ်ဘူး အဲ့တာကိုကြိုသင်သွားတယ်။သူကသင်လွယ်တတ်လွယ်ဒါကိုသူရောက်မယ့်နေရာမှာအသုံးချပြီးဝင်တိုးသွားတာပြတယ်။Escort တိုင်းက Vivian လိုဖြစ်နိုင်မလားဆိုတာတော့မသိနိုင်ဘူးလေ။ သူက Vivian ကိုပဲပြတာအရည်အချင်းမနည်းလှတဲ့သူအခွင့်အရေးပေးလိုက်တော့ပိုကောင်းတဲ့နေရာရောက်သွားတယ်ဒါလောက်ပဲ။ရွံစရာစိတ်နာစရာသံဝေဂရစရာဘာညာဘာညာမပါဘူး။ချစ်စရာကောင်းတယ်အပေါ်ယံလောက်ပဲပြတယ်လို့လဲပြောလို့ရတယ်။သူတို့အလုပ်ခွင်မှာအနိုင်ကျင့်ခံရတာခွဲခြားခံရတာရှိမှာပဲ။ဒါကိုပြတဲ့အခြားရုပ်ရှင်တွေရှိပါတယ်။