အရက်မူးနေလို့တက္ကဆီနဲ့သူငယ်ချင်းတွေကတင်ပေးလိုက်ပြီးတဲ့နောက်မှာသရီဆာတစ်ယောက်ဗန်ပိုင်းယားနဲ့တည့်တည့်တိုးပြီးနောက်နေ့မနက်မှာသူကိုယ်တိုင်ဗန်ပိုင်းယားဖြစ်သွားပါတယ်။ဗန်ပိုင်းယားလောကသားဖြစ်လာတဲ့နေ့မှာပဲဗန်ပိုင်းယားတွေရဲ့အစိုးရရုံးကိုရောက်သွားပါတယ်အဲ့မှာအလီဆန်နဲ့သူ့ချစ်သူဟောင်းတိုနီတို့ကဗန်ပိုင်းယားဥပဒေဖောက်မိလို့ရုံးမှာရှိနေကြပါတယ်။အလီဆန်ကသူမကိုမျက်စိကျပြီးနောက်ယောင်ခံလိုက်ရာကနေခင်သွားကြပါတယ်။ဗန်ပိုင်းယားလောကကြီးအကြောင်းကိုသရီဆာတစ်ယောက်ပိုသိလာခဲ့ပါတယ်။ဇာတ်လမ်းဟာဆိုရင်အပေါစားဆန်မနေပဲနဲ့တကယ့်ဗန်ပိုင်းယားတွေရဲ့အနှစ်အရသာကိုခံစားနိုင်မဲ့ကားလေးပါ။