မိဘမဲ့ဖြစ်တဲ့ဆိုဖီယာတစ်ယောက်ကုန်သည်ကြီးဖြစ်တဲ့ကောနယ်လစ်ဆန့်ဗို့ဆီကိုမယားငယ်အဖြစ်နဲ့ရောက်သွားခဲ့တယ်။ကောနယ်လစ်ရဲ့အိမ်ဖော်မာရီယာကတော့ငါးသည်ဝီလ်လံနဲ့ချစ်ကြိုက်နေသူဖြစ်တယ်။တစ်နေ့တော့ကောနယ်လစ်ဟာသူနဲ့သူ့မိန်းမရဲ့ပုံတူပန်းချီဆွဲဖို့ဂျန်ဗန်လော့စ်ကိုငှါးခဲ့ရာထိုပန်းချီဆရာလေးနှင့်ဆိုဖီယာတို့ ချစ်ကျွမ်းဝင်ခဲ့ကြပြန်တယ်။အဲ့အချိန်မှာပိုက်ဆံအချီကြီးမြတ်တဲ့ကျူးလစ်ဖူးတွေကိုလေလံတင်ပြီးရောင်းတာခေတ်စားနေချိန်ဖြစ်တော့ဝီလ်လံဟာမာရီယာနဲ့လက်ထပ်ဖို့အတွက်ဒီကျူးလစ်ရောင်းဝယ်ရေးလောကထဲကိုဝင်လာခဲ့တယ်။ကံကောင်းစွာဘဲသူဝယ်တဲ့ပန်းပွင့်တွေထဲမှာတန်ဖိုးအရှိဆုံးဘရိတ်ကာလို့ခေါ်တဲ့အနီစင်းပါတဲ့ကျူးလစ်ပန်းတစ်ပွင့်ပါလာခဲ့တယ်။ဆိုဖီယာကမာရီယာရဲ့ဝတ်ရုံကိုခြုံပြီး ပန်းချီဆရာလေးဆီသွားတဲ့လမ်းမှာဝီလ်လံကမာရီယာထင်မှတ်ပြီးလိုက်သွားကာမာရီယာနဲ့ပန်းချီဆရာနဲ့ဖောက်ပြန်နေတယ်ဟုအထင်မြင်လွဲကာမိုးပြိုမတတ်ခံစားခဲ့ရတယ်။စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့ဝီလ်လံတစ်ယောက်အရက်ဆိုင်မှာသောင်းကျန်းမိပြီးရေတပ်ထဲရောက်သွားပါလေရော။ထိုအချိန်မာရီယာ့မှာဝီလ်လံရဲ့ရင်သွေးလေးကိုလွယ်ထားရချိန်ဖြစ်ကာဘာလုပ်လို့ဘာကိုင်ရမှန်းမသိချိန်ဆိုဖီယာနှင့်ပေါင်းမိကာဘာတွေဆက်ဖြစ်မလဲဆိုတာကိုဇာတ်ကားမှာကြည့်လိုက်ကြပါ။