Alanis

Alanis ဆိုတာ​မော်ဒယ်တွေအဖော်ချွတ်မလေးတွေနာမည်မဟုတ်ပါဘူး။အဆိုတော်မလေးတစ်ယောက်နာမည်ပါ။ဒါပေမဲ့နာမည်ပိုင်ရှင်လေးမှာ အဆိုတော်ဖြစ်ဖို့အခွင့်မရခဲ့ရှာပါဘူး single mother အဖြစ်နဲ့ကလေးတစ်ယောက်ရင်ဝယ်လွယ်ပြီးသူလုပ်တဲ့အလုပ်ကသိပ်မရင်းရပါဘူး ခန္ဓာပဲရင်းရတဲ့ပြည့်တန်ဆာအလုပ်သူငယ်ချင်းဖြစ်သူဂျီဆဲလားနဲ့တိုက်ခန်းတစ်ခုငှားကြော်ညာ စာတွေလိုက်ကပ်ဖောက်သည်တွေလက်ခံလုပ်နေတဲ့ညဉ့်ငှက်လေးတွေကိုအာဂျစ်တီးနားရဲ့ပြည့်တန်ဆာလုပ်ငန်းတားမြစ်ချက်ဥပဒေအရအရေးယူဖို့အကြောင်းဖန်လာပါတယ်ဒီကားဟာရိုးရိုးလေးဇာတ်လမ်းကိုပုံဖော်ထားတာပါ။ပြည့်တန်ဆာလုပ်ငန်းကိုတရားဝင်လုပ်ခွင့်မပေးတဲ့နိုင်ငံမှာ sex workerဖြစ်တဲ့ Alanis တစ်ယောက်ဘယ်လိုရုန်းကန်ရလဲပဲရိုက်ပြထားတာပါ။စစချင်းအဖွင့်မှာတင်ဝစ်လစ်စလစ် scene နဲ့စတာမို့မောင်နှမတွေမိသားစုတွေနဲ့ကြည့်လို့မသင့်လျော်ပါဘူး တကယ့် reality ကိုပဲချပြချင်တဲ့ကားမျိုးဖြစ်တဲ့အတွက်အခြားကျန်တဲ့အပိုင်းတွေမှာသိပ်မျှော်လင့်စရာမရှိဘူးညဉ့်ငှက်တွေဘဝကိုအမှန်တိုင်းအရိုးရှင်းဆုံးမြင်ရမယ်သူတို့ဘဝသူတို့ဒုက္ခတွေအာဂျစ်တီးနားကလမ်းကြားတွေမှာဘယ်လိုကျင်လည်ရလဲဆိုတာမြင်ရမယ်အထူးပြောချင်တာကတော့မိခင်နဲ့ကလေးကြားကဆက်သွယ်မှုအားကိုရိုးရိုးလေးနဲ့အထိမိဆုံးမြင်လိုက်ရတာပါပဲ ပြည့်တန်ဆာဇာတ်ရုပ်တွေတော်တော်များများကြည့်ဖူးတယ်အကုန်လုံးကတခုခုကိုမြိုသိပ်ထားသလိုကြောက်ရွံ့နေသလိုမလုပ်ရဲမကိုင်ရဲမထိရဲသလိုနဲ့လူတောတိုးဖို့တွန့်ဆုတ်နေသလိုအဲ့လိုမျိုးတွေပဲမြင်ရတာများတယ်။ဒါပေမယ့်ဒီကားထဲက Alanis ဇာတ်ရုပ်ပိုင်ရှင် Sofia Castiglione မှာတော့အဆိုပါမျက်နှာပေးမျိုးမရှိပါဘူး။သူ့အတွက်မျှော်လင့်ချက်ကသူ့သား သူ့သားလေးဒန်တီကိုဘယ်အရာကမှခွဲမသွားစေရဘူး။သူ့သားကိုပြည့်တန်ဆာလုပ်ပြီး ပျိုးထောင်မယ်ငါစိတ်မညစ်ရဘူး။ငါမငိုရဘူးဆိုပြီးအားတင်းထားတဲ့ပုံမျိုးသားရှေ့မှာဆိုအမြဲပြုံးပျော်နေတဲ့အမေမျိုး တစ်ဖက်မှာလဲသားကိုပြည့်တန်ဆာမတစ်ယောက်သားအဖြစ်မကြီးပြင်းလာစေချင်ဘူး။အဲ့လိုအားပြိုင်မှုလေးတွေကိုမျက်နှာတစ်ခုထဲမှာမြင်ရမှာပါဒီကားဟာအတော်လေးကိုလက်တွေ့ကျတဲ့ကားတစ်ခုလိုပဲမြင်မိတယ်အဲ့လက်တွေ့တရားထဲကမှ အနုပညာကိုချပြသွားတာ အမှောင်ထဲမှာမီးတောက်လေးတခု ဖျက်ခနဲမြင်လိုက်ရသလိုပေါ့ ဖန်တီးမှုပိုင်းဆိုင်ရာအလှတရားကိုမှခံစားချင်သူတွေအတွက် ကြည့်ချင်လောက်မယ့်ကားမျိုးဟုတ်မယ်မထင်ပါဘူး။