XXX
Antichrist
သားလေးတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့လင်မယားနှစ်ယောက်ရဲ့အကြောင်းလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။သားလေးကိုဆုံးရှုံးလိုက်ရလို့ကြေကွဲခံစားနေရတဲ့ဇနီးသည်ရဲ့ဝမ်းနည်းပူဆွေးသောကတွေကိုယောက်ျားဖြစ်သူကကုစားပေးနိုင်ဖို့အတွက်ကုထုံးနည်းလမ်းနဲ့ပဲကုသပေးဖို့စီစဉ်လိုက်ပါတယ်။မိန်းမဖြစ်သူရဲ့စိတ်အတွင်းကအကြောက်ရွံ့ဆုံးနေရာကိုသွားနေထိုင်ရင်းနဲ့ဒီကုထုံးကိုစတင်မှာဖြစ်တာကြောင့်သစ်တောထဲကသစ်လုံးအိမ်လေးကိုသွားရောက်ခဲ့ကြပါတယ်။အဲ့ဒီသစ်လုံးအိမ်လေးမှာသားလေးဖြစ်သူနစ်ခ်နဲ့ သူ့မိန်းမတို့သွားရောက်ဖူးခဲ့တဲ့နေရာလေးပါ။သူတို့သွားရောက်နေထိုင်တဲ့အချိန်ကနေစပြီးတော့ အဲ့ဒီပတ်ဝန်းကျင်ကတကယ့်ကိုငရဲတစ်ခုအလားမြင်ယောင်လာမိပါတော့တယ်။ဆိုးရွားလွန်းတဲ့ပုံစံတွေအနေအထားတွေကိုမြင်တွေ့ခံစားနေခဲ့ရပေမယ့်သူ့မိန်းမအတွက်ကြိုးစားပြီးတော့နေထိိုင်ခဲ့ပါတယ်။တကယ်တမ်းသူကိုယ်တိုင်သူ့မိန်းမရဲ့စာတမ်းတွေကိုတွေ့ရှိပြီးတဲ့နောက်ပိုင်းမှာဘာတွေဖြစ်သွားတယ်ဆိုတာကိုတော့ဇာတ်လမ်းကိုကြည့်ရှုရင်းနဲ့ပဲရင်ခုန်လိုက်ရအောင်ပါ။တကယ်တော့ဒီကားကတော်တော်လေးကိုအာရုံစားတဲ့ကားပါအတွေးပိုင်းကိုလုံးဝအကျယ်ချဲ့ပြီးတော့စဉ်းစားစေတဲ့ဇာတ်ကားလိုပုံစံမျိုးမလို့ကြည့်ရတာစိတ်ဝင်စားစရာကောင်းပါတယ်။18+ဖြစ်တဲ့အတွက်အသက်မပြည့်သေးသောကလေးများမကြည့်သင့်ပါ။