"တရားဥပဒေတွေ"အပြစ်ပေးမှုတွေဟာလူသားတွေရပ်တည်နေနိုင်ဖို့ရှိနေတဲ့တစ်ခုတည်းသောစီရင်ချက်တွေလို့ဘဲပြောရမလား....!?ဒါမှမဟုတ်..မတရားမှုတွေခိုးအောင်းရာအရပ်လို့ဘဲပြောရမလား...!အတိအကျတော့ပြောလို့မရပေမဲ့သေချာတာတစ်ခုကတော့လူ့ဘောင်အသိုင်းအ ဝိုင်းမှာကောင်းမွန်တဲ့ပတ်ဝန်းကျင်ရဖို့အတွက်ဖန်တီးထားတယ်ဆိုတာတော့အမှန်ပါဘဲ... ဒီဇာတ်လမ်းထဲမှာတော့မင်းသမီးကပြည့်တန်ဆာအမှုနဲ့ထောင်ထဲကိုရောက်လာခဲ့ပါတယ်,ထောင်ဆိုတဲ့နေရာကတော့ပြောစရာမလိုအောင်လူသားတွေအတွက်မနေချင်ဆုံးနေရာဖြစ်မယ်ဆိုတာအထူးတလည်ပြောနေစရာမလိုလောက်တော့ပါဘူး,အဲ့လိုနဲ့နောက်ပိုင်းသူမဟာနှစ်ဦးနှစ်ဖက်အကျိုးရှိဖို့အတွက်ထောင်ကအရာရှိတစ်ဦးနဲ့အပေးအယူလုပ်ခဲ့ပါတော့တယ်....! အဲ့တော့သူမလုပ်ခဲ့တဲ့အပေးအယူကရောဘာဖြစ်မလဲ?... အဲ့အပေးအယူကရောသူမရဲ့လက်ရှိအခြေအနေကိုကယ်တင်နိုင်မလား...!ဆိုတာကတော့ဇာတ်လမ်းလေးထဲမှာအမှောင်ဆန်ဆန်နဲ့စိတ်ဝင်စားဖွယ်ဆန်ဆန်ကြည့်ရှု့ရမှာဖြစ်ပါတယ်..