မိန်းကလေးတွေရဲ့ခံစားချက်တွေကိုဟာသလေးနှောပြီးကွက်ကွက်ကွင်းကွင်းကြီးတင်ဆက်ထားတာပါ။အထူးသဖြင့်၁၈နှစ်အရွယ်မိန်းကလေးတွေရဲ့စိတ်ပါ။၁၈နှစ်အရွယ်မိန်းကလေးတွေကသစ်ရွက်ကြွေသံတောင်ရန်ခုန်တယ်ဆိုလားဒီဇာတ်ကားလေးကသက်သေခံနေပါတယ်။နူးညံ့တဲ့စိတ်တွေဘယ်လောက်ထိနူးညံ့သလဲခက်ထန်တဲ့စိတ်တွေကရောဘယ်လောက်ထိခက်ထန်မလဲ။အချစ်ဆိုတာကရောဘာတွေလဲ၁၈နှစ်ပြည့်မွေးနေ့အတူကျရောက်လာတဲ့သူငယ်ချင်းသုံးဖော်ရဲ့မွေးနေ့မဟာအစီအစဉ်ပွဲကြီး18+ အမျိုးအစားကိုအများနဲ့မတူပဲတမူထူးပြီးဟာသနှောထားပါတယ်။အများကြီးညွှန်းရင်ဖတ်ရတာလဲပျင်းကြည့်ရမှာလဲပျင်းသွားမှာစိုးလို့ဇာတ်လမ်းမှာကြည့်ရှု့ခံစားကြပါ။