Below Her Mouth

18+ Lesbian ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။18+ ဆိုပေမယ့် Drama ဆန်တဲ့အပြင်ဘဝရဲ့ရွေးချယ်ရပ်တည်မှုတွေအခက်အခဲတွေကိုလည်းတွေ့ရမှာပါ။Toronto နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ အထူးတင်ဆက်မှူကဏ္ဍမှပြသခဲ့တဲ့ကားလေးဖြစ်ပါတယ်။အမျိုးသမီးဒါရိုက်တာ April Mullen ရဲ့ လက်ရာဖြစ်ပြီး၊ ထူးခြားချက်တစ်ခုအနေနဲ့ ရိုက်ကူးရေး၊ ထုတ်လုပ်ရေးအပိုင်းနဲ့ဇာတ်လမ်းဇာတ်ညွှန်းပိုင်းအကုန်လုံးကိုအမျိုးသမီးတွေကချည်းတာ၀န်ယူထားတာပါ။အမျိုးသား ဒါရိုက်တာတွေရိုက်လေ့ရှိတဲ့ Sex sence တွေနဲ့တော့မတူကွဲပြားနေမှာသေချာပါတယ်။