Blue Is the Warmest Color

မင်းသမီး Léa Seydoux နဲ့ မင်းသမီး Adèle Exarchopoulos တို့အဓိကပါဝင်ထားတဲ့ Drama , Romance 18+အမျိုးအစားပြင်သစ်ဇာတ်ကားပါ။ယခုဇာတ်ကားကြည့်အပြီးမှာဘာတွေခံစားသိမြင်သွားနိုင်ပါသလဲ။ကျွန်တော်တို့အားလုံးဟာလူသားတွေပဲဖြစ်ပါတယ်။မတူကွဲပြားသောလိင်စိတ်တည်ဆောက်မှုတွေရှိကြပေမယ့် အားလုံးသောဖိုမသတ္တဝါတွေအားလုံးဟာလူသားတွေပဲဖြစ်ပါတယ်။တစ်မူကွဲပြားနေတဲ့သူတို့ရဲ့စိတ်ခံယူမှုကိုနိမ့်ကျသူချို့တဲ့သူလို့မမြင်ကြပဲအခြားသောလူသားတွေကဲ့သိုသာဖြစ်သည်ဟုကျွန်တော်တို့နားလည်သဘောပေါက်ပေးကြမှာပါ။တကယ့်တော့လူသားတိုင်းဟာပတ်ဝန်းကျင်အရောင်အဆင်းအလိုက်ထွက်ပေါ်တောက်ပလာတဲ့ဆေးရောင်ကလေးတွေပါပဲ။သူမလိုမိန်းခလေးမျိုးကဣတ္ထိယနွယ်ဝင်ပီသစွာပဲဆန့်ကျင်ဘက်ဖိုသတ္တဝါရဲ့ချစ်ခင်ဂရုစိုက်မှုကိုအလိုရှိခဲ့သူပါ။မနက်တိုင်းအိပ်ယာကကပျာကသီထကျောင်းကားနောက်ပြေးလိုက်။အဲဒီကျောင်းမှာပဲကောင်လေးတစ်ယောက်နဲ့စချစ်ဘူးခဲ့တာ။သူကဦးဆုံးနာကျင်စရာတွေပေးသွားခဲ့တယ်။လိုတာရသွားတော့ပစ်ခွာလမ်းခွဲသွားတယ်။အဲဒီမှာယောက်ျားလေးစတိုင်လ်နဲ့မိန်းခလေးတစ်ယောက်ကိုဆုံခဲ့တာပဲ။အရမ်းအထီးကျန်ဆန်နေတဲ့အချိန်သူမအပေါ်ဘယ်သူမှနားလည်မှုမပေးတဲ့အချိန် ။အဲဒီအချစ်တော်လေးက တကယ့်ယောက်ျားစင်စစ်ထက်တောင်သူမအပေါ်ကြင်နာမှုဂရုစိုက်မှုအတတ်ပညာတွေကိုပိုပြီးကျွမ်းကျင်ပါတယ်။ရီဝေပြီးထီမထင်တဲ့အသွင်မျိုးရှိတဲ့မျက်ဝန်းတစ်စုံနဲ့ခို့တရို့လေးပြုံးပြီးစီးကရက်ကိုဖွာနေတဲ့သူ့အသွင်ကသူမသိပ်ရင်ခုန်မိတာဆန်းသလား။သူမနဲ့ကျမှပဲ တစ်ခါမှမရဘူးတဲ့ပျော်ရွှင်မှုတွေ။ဆန်းကြယ်နူးညံ့လွန်းလှတဲ့လိင်တူချင်းနှီးနှောဖလှယ်မှုတွေကိုတွေ့ထိခံစားခဲ့ရတာ။အဲဒီလိုချစ်မိနေခဲ့ကြပြီးတဲ့နောက်။အချို့းကွေ့အမြင်အကြားသံသယတစ်ချို့ကနေဘာတွေဖြစ်လာခဲ့ကြသလဲ။ဒီဇာတ်ကားထဲမှာယောက်ျားလျာမလေး Emma နေရာကနေသရုပ်ဆောင်သွားခဲ့တဲ့ Léa Seydoux ရဲ့သရုပ်ဆောင်မƟ#4158;ုကလက်ဖျားခါကောင်းလွန်းခဲ့သလိုဇာတ်လမ်းတင်ဆက်ပုံကလည်းပြင်သစ်ရုပ်ရှင်ပီပီဇာတ်ကောင်တစ်ဦးချင်းစီရဲ့စိတ်ခံစားမှုအပေါ်ပူးကပ်နားလည်စေအောင်အကောင်းဆုံး တင်ပြသွားနိုင်တာတွေ့ရပါတယ်။