Breaking the girls

ဆာရာဟာဥပဒေကျောင်းသူတစ်ဦးဖြစ်ပြီးဘီယာဆိုင်တစ်ဆိုင်မှာညဆိုင်းအလုပ်လုပ်ရင်းကျောင်းတက်နေရသူတစ်ဦးဖြစ်ပါတယ်။တစ်ရက်ဆာရာကြိုက်နေတဲ့ ကောင်လေးအဲရစ်ရဲ့ချစ်သူဟာဆာရာရဲ့သူဌေးကိုချောက်တွန်းလို့ဆာရာအလုပ်ပြုတ်တဲ့အချိန်ဆိုင်မှာ ဘီယာလာသောက်တဲ့အမေသေပြီးအမွေရထားတဲ့ ကုတ်ကမြင်းသူဌေးသမီးအဲလစ်နဲ့စတင်တွေ့ရှိပြီးအဲလစ်အိမ်ရောက်သွားရာကနေအဲလစ်ရဲ့လိင်တူဆက်ဆံဖော်ချစ်သူအဖြစ်အတူတူနေထိုင်လျက်ရှိပါတယ်။အဲလစ်ဟာဆာရာသူမအနားကနေထွက်ခွာမသွားအောင်အမျိုးမျိုးမက်လုံးတွေပေးရင်းဆာရာအားဒုက္ခပေးနေသူများကိုလဲသူမကလိုက်လံရှင်းလင်းပေးတက်ပါတယ်။ဒီလိုနဲ့အတူတူနေလာရင်းဆာရာရဲ့ရန်ဘက်တွေသေဆုံးရာကနေရဲတွေအမှုလိုက်လံဖော်ထုတ်ရင်းအဲလစ်ကဆာရာအပေါ်အမှုတွေပုံချဖို့ကြိုးစားရင်းအဲလစ်ရဲ့မိထွေးကိုလဲသတ်ဖြတ်ရန်အတူကြိုးပမ်းလျက်ရှိကြသောအခါ။ဇာတ်လမ်းတစ်ခုလုံးမှာကိလေသာဖုံးလွှမ်းတဲ့အနမ်းတွေအထိအတွေ့တွေလိင်တူချင်းတက်မက်မှုတွေနဲ့ပြည့်နေတဲ့ဒီကားကို 18+ Adult List ထဲ ထည့်ထားတာမို့အိမ်မှာမိသားစုနှင့် အတူမကြည့်သင့်သောဇာတ်လမ်းရုပ်ရှင်ဖြစ်ပါတယ်။