အချို့၁၈+အခန်းတွေဟာကြမ်းလွန်းတာကြောင့်မိသားစုနဲ့ကြည့်ဖို့အတွက်တော့မသင့်တော်ပါဘူး။ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးဒဏ္ဍာရီထဲကလူစွမ်းကောင်းလန်းစလော့၊မီးနတ်ဘုရားမမော်ဂါနာ၊ပါရမီရှင်ထိပ်သီးမှော်ဝိဇ္ဇာကြီးမာလင်၊ဘုရင်ကြီးအာသာအစရှိတာတွေကိုလဲမျက်ဝါးထင်ထင်မြင်ကြရမှာပါ။ငါးရာစုနှောင်းပိုင်းမှာဗြိတိန်ဟာရောမတွေရဲ့ဆယ်စုနှစ်တစ်ချို့တာအုပ်ချုပ်မှုကနေလွတ်မြောက်ခဲ့ပါတယ်။အာသာဘုရင်ဟာဆိုးသွမ်းလွန်းတဲ့မော်ဂါနာဆိုတဲ့သမီးဖြစ်သူကိုခရစ်ယာန်သာသနာပြုကျောင်းတစ်ကျောင်းမှာသွားရောက်ထားရှိပါတယ်။မော်ဂါနာဟာသာသနာပြုကျောင်းမှာကောင်းရာကောင်းကြောင်းတွေမသင်ယူပါပဲနဲ့စေတန်နဲ့မိမိဝိဉာဉ်ကိုရောင်းကာအပေးအယူလုပ်ပြီးယုတ်မာရက်စက်တဲ့မှော်ပညာရပ်တွေကိုသင်ပြီးမီးနတ်ဘုရားမတစ်ယောက်လိုမှော်တွေသင်ယူခဲ့ပါတယ်။သူ့ရဲ့အစွမ်းတွေနဲ့အာသာဘုရင်ကိုတိတ်တဆိလုပ်ကြံခဲ့ပါတယ်။အာသာဘုရင်ရုတ်တစ်ရက်သေဆုံးမှုနဲ့အတူဝရုန်းသုန်းကားဖြစ်မှုတွေဟာဗြိတိန်ကိုဝါးမျိုပါတော့တယ်။သမိုင်းဝင်မှော်ဆရာမာလင်ဟာမှောင်လွှမ်းမယ့်အတိတ်ကိုကြိုတင်မြင်ပြီးတော့ငယ်ရွယ်ပြီးစိတ်မြန်တဲ့အာသာ့ကိုရာထူးအပ်နှင်းခဲ့ပါတယ်။သူဟာအာသာဘုရင်ရဲ့တိတ်တိတ်ပုန်းသားတစ်ယောက်ဖြစ်ပြီးသာမန်ပြည်သူအဖြစ်ကြီးပြင်းခဲ့ရသူပါ။ဘုရင်အသစ်အနေနဲ့မာလင်နဲ့အာသာတို့ဟာအစွန့်ပစ်ခံခြုံနွယ်ပိတ်ပေါင်းတွေမျာစွာထူထပ်နေတဲ့ကမ်မလော့ရဲတိုက်မှာသူတို့ရဲ့မိတ်ဖက်တွေဖြစ်တဲ့အာသာမွေးမိခင်အိုင်ဂရိန်းမွေးစားညီအစ်ကိုကေးနဲ့သစ္စာရှိစစ်သည်တော်လီယွန်တေးဂါဝိန်းယူလ်ဖီးယပ်စ်နဲ့ဘာရာစရှားတို့နဲ့အတူစတင်နေထိုင်ပြီးဒီရဲတိုက်ကနေအခက်အခဲပေါင်းများစွာစိန်ခေါ်မှု့ပေါင်းများစွာနဲ့အာသာဟာကောင်းမွန်တဲ့ပြည်သူတွေငြိမ်းချမ်းစွာနေထိုင်နိုင်မယ့်ဗြိိတိန်နိုင်ငံသစ်ကိုတည်ထောင်ဖို့ကြိုးစားပါတော့တယ်။