Deadly Pickup

နာမည်လေးကလေပြေနူးညံ့သယောင်ယောင်ထင်ရပေမဲ့မုန်တိုင်းထက်ကြမ်းတမ်းပြီးပင်လယ်ကြီးထက်မာယာများတယ်။သူရဲ့မာယာကျော့ကွင်းထဲကလွတ်သွားတဲ့သားကောင်းဆိုတာမရှိသလောက်ပါပဲ။ဘယ်ရုန်းနိုင်မှာလဲသူမရဲ့အလှအပတွေကငါးပါးအာရုံကိုလှုပ်နှိုးစေတယ်လေ။သူမရဲ့အပြုံးသူမရဲ့အချိုးအစားငြင်းရက်စရာတကွက်မှမရှိဘူးလေ ဒီကြားထဲတော်ကီအပြင်းစားတွေနဲ့ပစ်ပေါက်တက်တယ်လေ။ထပ်ပြောရင်ပိုတယ်ထင်မှာစိုးလို့လိုရင်းဇာတ်ကြောင်းလေးပဲဖေါ်ပြပါမယ်။ဟိုက်ဝေးလမ်းမပေါ်မှာသူမကတစ်ယောက်တည်းလျှောက်လိမ့်နေတက်ပါတယ်။သူမကအဆိပ်ပိုင်းမှာသူမတူအောင်ကျွမ်းကျင်လှသူပါ။သူမရဲ့နောက်ကအလှကိုမခံမရပ်နိုင်ဖြစ်ပြီးကားရပ်ပြီးတင်လိုက်မိရင်တော့တင်တဲ့သူမဟာအမှားကြီးလုပ်မိတာပါပဲ။အဲ့ဒီသူအသေဆိုးနဲ့သေရတာပါပဲ။ဒါပေမဲ့သူမမှာစည်းတစ်ခုတော့ရှိတယ်။သူအားရအောင်ပျော်ပြီးမှပဲကိစ္စတုံးပစ်တာပါပဲ။ဒီလိုနဲ့သူမမြို့ငယ်လေးတစ်ခုမှာကျင်လည်မိတယ်။သူမအတွက်နေစရာအခက်ခဲရှိနေတော့ ကျောင်းသူယောင်ဆောင်ပြီးလူဖြူနဲ့လူမဲတို့ရဲ့အိမ်လေးမှာအငှားနေပြီးသူမရဲ့အလုပ်ကိုဆက်လုပ်ပါတော့တယ်။သူမအလုပ်ကရက်စက်လွန်းရာကျပြီးလူမဆန်တဲ့အလုပ်မျိုးပါပဲ။သူမရဲ့ကျော့ကွင်းထဲကိုဘယ်သူတွေဘယ်လိုမိမလဲဘယ်သူတွေဘယ်လိုရအောင်ရုန်းမလဲဆိုတာတော့အကဲခပ်ကြည့်ကြပါဦး။(ပိုးစိုးပက်စက် မာယာများလွန်းတာကြောင့် ၁၈ နှစ်အောက်ချာတိတ်လေးများမကြည့်သင့်ကြောင်း သတိချပ်ပါရစေ)