(Diary of a Nymphomaniac (or) Diary of a Sex Addict) လို့ အဓိပ္ပာယ်ရပါတယ်။စပိန်စကားပြောဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ပြင်သစ်စာရေးဆရာ Valérie Tasso ရဲ့ နာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ကူးထားတာပါ။Valérie ဆိုတဲ့ စပိန်ရောက် ပြင်သစ်သူလေးဟာ အသက် ၁၅ နှစ်အရွယ်မှာသူရဲ့ အပျိုစင်ဘဝကို စွန့်လွှတ်လိုက်ပါတယ်။သူနဲ့ သူ့ချစ်သူကောင်လေးတို့ ပျော်ပွဲစားခရီးတစ်ခုမှာ အပျော်တွေလွန် နယ်တွေကျွံခဲ့ကြပါတယ်။အဲဒီအချိန်ကစလို့ သာယာမှုကိုအလွန်အမင်း မက်မောသွားရှာတဲ့Valérie တစ်ယောက် သာယာမှုနောက်ကို တကောက်ကောက်လိုက်လို့ အပျော်တွေ ရှာပါတော့တယ်။Valérie ရဲ့ လိုအင်ဆန္ဒတွေဟာ ဘယ်သောအခါမှ ပြည့်စုံခြင်းမရှိပါဘူး။တောင့်တမြဲ တောင့်တဆဲပါပဲ။အရွယ်ရောက်လို့ အိမ်ထောင်ကျသွားတဲ့အခါ ဆန္ဒရမက်ပြင်းထန်တဲ့သူ့ကို သူ့ခင်ပွန်းဖြစ်သူကတောင် သည်းမခံနိုင်တော့ပါဘူး။အိမ်ထောင်ကွဲလို့ တစ်ခုလတ်ဖြစ်သွားတဲ့နောက် Valérie တစ်ယောက်နောက်ထပ် ခပ်ချောချော ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံမိပါတယ်။အဲဒိကောင်လေးကိုတော့ သူ့ခမျာ အရူးအမူးချစ်ပြီး စိတ်ကူးတွေယဉ် အပျော်ကြီးပျော်နေခဲ့ရှာပါတယ်။သူ့ရဲ့ ဆာလောင်မွတ်သိပ်မှုတွေဟာ ကောင်လေးကို ချစ်တဲ့သူ့ရဲ့အချစ်အောက်မှာ ပျောက်ဆုံးစပြုနေပါပြီ။ဘဝဟာ တည်ငြိမ်တော့မယ့်ဆဲဆဲ အဲဒီ့ကောင်လေးက သူ့ကို သစ္စာဖောက်သွားတဲ့အခါ Valérie တစ်ယောက် စိတ်ဓာတ်တွေအကြီးအကျယ်ကျပြီး အချစ်ဆိုတာကို အယုံအကြည်မရှိတော့ဘဲသာယာမှုနောက်ကိုပဲ လိုက်ရင်းလိုက်ရင်း ကြေးကြီးပြည့်တန်ဆာဘဝ ရောက်သွားရှာပါတယ်။ဒီဇာတ်ကားဟာ စဉ်းစားဆင်ခြင်နိုင်မှု၊ မိမိစိတ်ကို မိမိထိန်းသိမ်းနိုင်မှု၊ဆန္ဒနှင့်သိက္ခာကြား လွန်ဆွဲမှုတွေ စတဲ့ မိမိရဲ့ဘဝမှာ ကြုံတွေ့လာနိုင်တဲ့အဖြစ်အပျက်တွေကို ပညာပေးသဘောနဲ့ တင်ပြထားပါတယ်။နောက်ပြီး Valérie တစ်ယောက် ပြည့်တန်ဆာဘဝရောက်သွားတဲ့အခါပြည့်တန်ဆာမိန်းမတစ်ယောက်ကိုယောက်ျားတွေကဘယ်လိုသဘောထားသလဲဆိုတာ ဒါရိုက်တာက မညှာမတာ ရိုက်ပြထားပါတယ်။အဲသလို ယောက်ျားမျိုးတွေ အပြင်မှာ တကယ်ရှိတဲ့အတွက် သူ ဒီလိုရိုက်ပြတာဟာ မှန်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီး ကျွန်တောလည်း မိန်းမသားတွေရဲ့ဘဝကို ပိုပြီးတော့ စာနာမိသွားပါတယ်။ဒါက ဒီဇာတ်ကားက ပေးလိုက်နိုင်တဲ့ အသိတရားတစ်ခု ဆိုပါတော့။နောက်တစ်ခုကတော့ အိမ်ထောင်ရေးဟာ လိင်ကိစ္စမပါရင် မပြည့်စုံဘူးဆိုတာ မှန်ပေမယ့်၊လိင်ကိစ္စတစ်ခုတည်းနဲ့တော့ အိမ်ထောင်တစ်ခုကို တည်ဆောက်လို့မရဘူးဆိုတာဒီဇာတ်ကားလေးက ထောက်ပြနေပါတယ်။