ဇာတ်ကားလေးကတော့နည်းနည်းလေးတော့ဆန်း တယ်လို့ဆိုရမှာပါ။ဆန်းတော့လည်းအညွှန်းကိုရေးမထိလောက်အောင်ပါပဲ။ အဖေနဲ့သားရဲ့သံယောဇဉ်အဖေဖြစ်သူ အပေါ်သားတစ်ယောက်ရဲ့ချစ်ခင်မှုရုတ်တရုတ်အဖေ့ကိုဆုံးရှုံးလိုက်ရတဲ့အခါဖြေမဆည်နိုင်ဖြစ်ရတဲ့ခံစားမှု့စိတ်ခံစားမှု့နဲ့လိင်မှု့လူတစ်ယောက်မှာလိင်မှု့ရေးရာဟာဘယ်လောက်အရေးပါတယ်ဆိုတာချပြထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။စိတ်ပညာအကြောင်းအရာလိင်မှုရေးရာအကြောင်းအရာတွေကိုပါ ခပ်ပါးပါးလေးပညာပေးထားတဲ့ဇာတ်ကားလေးပါ။အသက်အရွယ်ရလာတဲ့အချိန်ယောကျ်ားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်တွေအမြင့်ဆုံးရောက်နေတဲ့အချိန်အထိEloyဟာသူ့အလုပ်တွေနဲ့သူရှုပ်နေခဲ့ပါတယ်။ပြောရရင်အလုပ်ကလွဲလို့အခြားအရာတွေကိုစိတ်မဝင်စားနိုင်ဘူးပေါ့။ရူပဗေဒပညာတွေလေ့လာလိုက်မိဘလက်ငုတ်လက်ရင်းလေးတွေကူလုပ်ပေးလိုက်နဲ့ပေါ့။ဒါပေမယ့့်သင်္ခါရလောကကြီးရဲ့လောကဓံအတိုင်း တစ်နေ့မှာသူ့ဖခင်ဖြစ်သူရုတ်တရက်ဆုံးပါးသွားတာပါ။ဘယ်လိုမှဖြေဆည် နိုင်တဲ့အပြင်နဂိုထဲကအလုပ်ဒဏ်ပိ့နေတဲ့Eloyတစ်ယောက်ရောဂါတစ်မျိုးရလာပါတယ်။နေ့ခင်းဘက်တွေဆိုကြောင်စီစီဖြစ်နေတတ်ပြီးညဘက်တွေဆိုအိပ်လျက်လမ်းထထလျှောက်နေတတ်တာပါ။သူ့အဖေသူ့ဆီရောက်ရောက်လာတယ်လို့အိပ်မက်လိုလိုမြင်မက်ရာကစတာပါပဲ။ဒီလိုလမ်းလျှောက်တတ်တာကလည်းသူ့ဘဝအတွက်အလှည့်အပြောင်းဖြစ်လာပြီးယောကျ်ားတစ်ယောက်လူသားတစ်ယောက်ရဲ့သာယာပျော်ရွှင်မှု့ဆိုတဲ့အရာကိုအမှတ်မထင်တွေ့ရှိခဲ့ပါတယ်။ဒီလိုလမ်းလျှောက်လျှောက်မိရင်းElvira ဆိုတဲ့ကောင်မလေးနဲ့ဆုံတွေ့ခဲ့ပါတယ်။သူကအိပ်ပျော်လျက်ဖြစ်နေပေမယ့်ကောင်မလေးကတော့သနားချစ်နဲ့ချစ်မိသွားပြီးဒီရောဂါကိုကုစားပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဘယ်လိုကုစားသလဲဆိုတာကတော့ရင်ခုန်စရာ ပါပဲtantric sex ဆိုတာပါ။ဘာသာတစ်ခုရဲ့အယူအဆအရစိတ်ဝိဉာဉ်နှစ်ခုကိုပေါင်းစညƟ#4154;းပေးဖို့လိင်ကိစ္စကိုခပ်ဖြေးဖြေးနဲ့အကြာကြီးဆွဲပြီးခံစားတာပါ။tantric sex ဟာအကြမ်းဖျင်းအားဖြင့်လေးနာရီခန့်ကြာသင့်ပါတယ်တဲ့။ပုံမှန်အားဖြင့်ယောကျ်ားအများစုဟာဝုန်းဒိုင်းပြီးသွားတတ်ပြီးဒါဟာချစ်သူနှစ်ဦးရဲ့စိတ်ဝိဉာဏ်၂ခုကိုမပေါင်းစည်းပေးနိုင်ဘူးလို့ယူဆကြပါတယ်။