Scottyဆိုတဲ့ကောင်လေးဟာ သူဘွဲ့ရတဲ့နေ့မှာပဲသူ့ရည်းစားဖြစ်တဲ့Fionaကသူ့ကိုလမ်းခွဲသွားတယ်။ဒါနဲ့Scottyနဲ့အီးမေးလ်ပို့နေကျMiekeဆိုတဲ့သူကို Scottyကကောင်လေးလို့ထင်နေတာဒါနဲ့ပဲMiekeကအမေရိကလာပြီးသူနဲ့တွေ့ဖို့စီစဉ်မယ်ပြောတော့သူကMiekeကိုဂေးထင်ပြီးသူနဲ့ထပ်မဆက်သွယ်ဖို့ပြောလိုက်တယ်။Miekeလည်းသူ့ကိုဘလော့သွားတယ် Miekeကမိန်းကလေးဆိုတာ Scottyသိတဲ့အချိန် Miekeကိုစာလည်းပို့လို့မရတော့ Scottyကဂျာမနီကိုသူ့သူငယ်ချင်းနဲ့ လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ် သူ့မှာပိုက်ဆံသိပ်မရှိတော့ ရှိတဲ့ပိုက်ဆံအနည်းငယ်နဲ့ဥရောပကိုသွားလိုက်တယ် Scottyရဲ့ခရီးစဉ်ကကော ချောချောမွေ့မွေ့နဲ့ရောက်ပါ့မလား ဘယ်လိုအခက်အခဲနဲ့ ကြုံဦးမလဲ Miekeနဲ့ကောတွေ့ပါ့မလားဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှူခံစားကြပါ။ Comedyပရိတ်သတ်တွေအတွက်အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းတစ်ကားပါလို့ညွှန်းပါရစေ။(အဖော်အချွတ်နဲ့18+အခန်းတွေပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါ)