Fifty Shades of Grey

လူပြောအများဆုံးဇာတ်ကားဖြစ်ခဲ့ပါတယ်။စံချိန်ပေါင်းမြောက်များစွာကိုချိုးဖျက်နိုင်ခဲ့ပြီးတဟုန်ထိုးအောင်မြင်ခဲ့ပါတယ်။ဒီဇာတ်ကားဟာလိင်အသားပေးဇာတ်ကားဖြစ်ပြီး ဗြိတိသျှစာရေးဆရာ E. L. James ရဲ့ Fifty Shades Of Grey ဆိုတဲ့စာအုပ်ကိုဇာတ်လမ်းချုံ့ကာရိုက်ကူးထားတာဖြစ်ပါတယ်။စာအုပ်ဟာလိင်အသားပေးစာအုပ်ဖြစ်ပြီးမထွက်ခင်ကတည်းကအတိုက်အခံတွေများခဲ့တာပါ။ပုံနှိပ်ထုတ်ဝေဖို့ဝေဖန်မှုတွေပြင်းထန်တာကြောင့် e-book အနေနဲ့စတင်ဖြန့်ချိခဲ့ပါတယ်။လူကြိုက်များကာဖတ်ရှုသူများပြားလွန်းတာကြောင့်မဖြစ်ဖြစ်တဲ့နည်းနဲ့ပုံနှိပ်ဖို့ကြိုးစားကြပါတယ်။ပရိသတ်ကစာအုပ်အဖြစ်ထုတ်ဖို့ဝိုင်းတောင်းဆိုကြပါပြီ။စာအုပ်တွေရိုက်ရလွန်းလို့စာရွက်ထုတ်ပေးတဲ့ဒေဝါလီခံခါနီးစက္ကူစက်ရုံတစ်ရုံဟာအဲဒီ့စာအုပ်ကြောင့်ပြန်လည်လည်ပတ်သွားကာပိုင်ရှင်တောင်သန်းကြွယ်သူဌေးဖြစ်သွားပါတယ်။အဲ့နောက် Volume II နဲ့ III ကိုဆက်လက်ထုတ်ဝေပါတယ်။အခုဆိုရင်စီးရီးတစ်ခုလုံးကိုဘာသာပေါင်း ၅၂ ဘာသာကိုဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီးပါပြီ။အုပ်ရေပေါင်းသန်း ၁၀၀ ကျော်ရောင်းချခဲ့ပြီးပါပြီ။အမေရိကန်နဲ့အင်္ဂလန်မှာအရောင်းရဆုံး Best-Seller စာရင်းကိုအမြန်ဆုံးတက်လှမ်းနိုင်ခဲ့ပါတယ်။သို့ပေမယ့်လိင်အသားပေးဖြစ်ကာဖတ်ရင်းဖတ်ရင်းတလှိမ့်လှိမ့်ကြွတက်လာအောင်ရေးသားထားတာဖြစ်လို့ဝိုင်းပြီးတော့ဝေဖန်ခံနေရဆဲပါပဲ။အမေရိကန်နိုင်ငံကစုံတွဲတစ်တွဲမှာဆိုရင်ကောင်လေးဖြစ်သူက ကောင်မလေးကိုအဲဒီ့စာအုပ်ထဲကပုံစံတွေအတိုင်းလိင်ဆက်ဆံကြရအောင်ပူဆာပါတယ်။ကောင်မလေးက ငြင်းလိုက်တာကြောင့်ကောင်လေးကကောင်မလေးကိုသတ်ပစ်လိုက်ပါတယ်။စာအုပ်ကအဲသလောက်ထိတောင်လွှမ်းမိုးသွားပါပြီ။ဗြိတိသျှကလင်မယားနှစ်ယောက်မှာလည်းအဲ့သလိုလုပ်ကြဖို့မိန်းမကတောင်းဆိုတာကိုယောက်ျားဖြစ်သူကငြင်းလို့မိန်းမကကွာရှင်းလိုက်ပါတယ်။လိင်စိတ်မူမမှန်ဘူးလို့တောင်သူ့မိန်းမကစွပ်စွဲခဲ့ပါသေးတယ်။ငယ်ရွယ်တဲ့လင်မယားနှစ်ဦးမှာကောင်လေးဖြစ်သူကဒီစာအုပ်ကိုအခြေခံထားတဲ့လိင်ဂိမ်းကိုဆော့ကစားနေရင်းစိတ်ပြောင်းလဲကာ မိန်းမဖြစ်သူကိုသတ်ပစ်လိုက်ပါတယ်။ကောင်မလေးကိုနိုင်လွန်ကြိုးတွေနဲ့တုပ်ပြီးကျောက်သင်ပုန်းညွှန်တံနဲ့၁၂၃ ချက်ရိုက်ထားတာတွေ့ရပါတယ်။အမျိုးသားတစ်ဦးကသူ့အမျိုးသမီးကိုအဲဒီ့စာအုပ်ဖတ်နေတာတွေ့လို့မျက်နှာကိုအချဉ်ရည်နဲ့ပက်ပစ်ပါတယ်။အမျိုးသမီးကလည်းစာအုပ်ဖတ်တာကောင်းကောင်းမဖတ်ဘဲလိင်ဆက်ဆံတဲ့အခန်းတွေ၊စာပိုဒ်တွေကိုအသံအကျယ်ကြီးထွက်ဖတ်ခဲ့တာပါ။အဲဒီ့အတွက်အမျိုးသား အဖမ်းခံလိုက်ရပါတယ်။ Geisha Ball လို့ခေါ်တဲ့ စအိုထဲထည့်ဘောလုံးကြိုးလေးတွေဟာစာအုပ်ဖြန့်ချိပြီးတဲ့နောက်မှာအဆ၄၀၀ ကျော်ရောင်းအားခုန်တက်သွားပါတယ်။နယူးယောက်မြို့ကဆိုင်တစ်ဆိုင်မှာအရင်ကထက်ဘောလုံးကြိုးတွေရောင်းအား၁၀ဆတက်သွားပါတယ်။ဗဟုသုတအနေနဲ့ပြောပြရရင်Geisha Ball လေးတွေကို Burmese bells (မြန်မာခေါင်းလောင်းလေး)တွေလို့ခေါ်ပါသေးတယ်။ စာကြည့်တိုက်တွေမှာရှိတဲ့ Fifty Shades Of Grey စာအုပ်တွေမှာလိင်ကတစ်ဆင့်ကူးဆက်တတ်တဲ့ရောဂါပိုးတွေ တွေ့ရပါတယ်။ (ဖတ်တဲ့သူတွေက ဖတ်ရင်း သူတို့အင်္ဂါနဲ့ စာအုပ်ကို ထိပေးလိုက်လို့လား မသိပါဘူး)။ နောက်ပြီးစာရွက်တွေကြားထဲမှာကိုကင်းတွေလည်း တွေ့ရပါတယ်။တိုက်ခိုက်တဲ့အဖွဲ့အစည်းတွေကလည်းစာအုပ်တွေကိုစုပုံမီးရှို့ရအောင်သူတို့ဆီလာလှူကြဖို့မေတ္တာရပ်ခံပါတယ်။ ပထမဆုံးရလာတဲ့စာအုပ် ၂၄ အုပ်ကို recycle လုပ်ကာ အိမ်သာသုံးစက္ကူလုပ်ပစ်ပါတယ်။ ဒီလောက်ထိ လူပြောများတဲ့ စာအုပ်ကို ဇာတ်ကားအဖြစ်ရိုက်ကူးရာမှာလည်း ပီပြင်ပြောင်မြောက်ခဲ့ပါတယ်။ မင်းသားက ဇာတ်လမ်းအတွက် ပြင်ဆင်တဲ့အနေနဲ့ စင်ပေါ်မှာ ယောက်ျားနဲ့မိန်းမဆက်ဆံတာကို စင်အောက်ကနေ ဘီယာလေးသောက်ပြီး အရသာခံကြည့်ရတဲ့ ကလပ်မျိုးကို ညတိုင်းသွားပြီး လေ့လာခဲ့ပါတယ်။ ချစ်ခန်းကြိုက်ခန်းရိုက်ရာမှာ မင်းသမီးနဲ့မင်းသား အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက် ရိုက်ကူးရေးအဖွဲ့သားတွေက အဝေးမှာနေကာ zoom ဆွဲပြီး ရိုက်ကူးခဲ့ပါတယ်။ မကြာခင်မှာ အခွေထွက်လာတော့မှာပါ။ ဒီလိုမျိုးရေးတင်ပေးလို့ တစ်မျိုးမထင်ကြပါနဲ့။ ဇာတ်လမ်းက ဘယ်လိုဇာတ်လမ်းလဲလို့ ကွှန်တော် မရေးပြထားပါ။ spoiler လည်း မဖြစ်တော့ပါ။ ဇာတ်လမ်းကတော့ ပညာပေးဇာတ်လမ်းပါ။ ကြည့်သင့်တယ်လို့ထင်တဲ့အတွက် တင်ပေးတာပါ။ ဗဟုသုတလည်းရ၊ ရှောင်ရန်လေးတွေလည်း သိသွားတာပေါ့။ ကိုယ့်ချစ်သူကို အလိုလိုက်တဲ့ မိန်းကလေးတွေကို အဓိကရည်ရွယ်ပါတယ်။ ကျွန်တော်ကြည့်ပြီးသွားပါပြီခင်ဗျာ။ အန္တရာယ်သိပ်မရှိပါဘူး။ စာအုပ်ဖတ်ရတာလောက်တော့ စိတ်တွေ မဖောက်ပြန်ပါ။