How Much Do You Love Me

ဖရန်ဆွာ့ဇ်ဟာအထီးကျန်ဘဝနဲ့သူ့ရဲ့ပျင်းရိစရာရုပ်အလုပ်တို့ကိုငြီးငွေ့နေတဲ့ပြင်သစ်သားတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ဘားတစ်ခုကိုသွားရင်းလှပတဲ့မိန်းမပျက်ကလေးတစ်ဦးဖြစ်တဲ့ဒင်နီယယ်လာနဲ့ဆုံခဲ့တယ်။မြင်မြင်ချင်းဒင်နီယယ်လာကိုစွဲလန်းမိရင်းကသူဟာမီလျံချီထီပေါက်ထားတဲ့သူဖြစ်ကြောင်းနဲ့သူနဲ့အတူနေမယ်ဆိုရင်တစ်လကိုယူရို ၁၀၀.၀၀၀ငွေမကုန်မချင်းပေးမယ်လို့ကမ်းလှမ်းလာတဲ့အခါဒင်နီယယ်လာကလဲသဘောတူခဲ့တယ်။သဘောမတူနိုင်တာကတော့သူ့သူငယ်ချင်းလဲဖြစ်သူ့ဆရာဝန်လဲဖြစ်တဲ့အန်ဒရေးပါ။အန်ဒရေးကဖရန်ဆွာ့ဇ်ရဲ့နှလုံးအားနည်းရောဂါဟာဒီလိုလိင်မှုကိစ္စတက်ကြွပုံမျိုးနဲ့သင့်တော်မှာမဟုတ်ဘူးလို့သတိပေးပါတယ်။စားသောက်ဆိုင်မှာညစာစားကြရင်းဒင်နီယယ်လာအစာအဆိပ်သင့်သလိုဖြစ်တော့ အန်ဒရေးကိုလှမ်းခေါ်ခဲ့တယ်။အခန်းထဲမှာနှစ်ယောက်တည်းစမ်းသပ်နေရင်းဒင်နီယယ်လာကအဝတ်အစားချွတ်ပေးရမလားလို့မေးတယ်။သူက မလိုအပ်ကြောင်းပြောပေမယ့်ဒင်နီယယ်လာကဇွတ်အဝတ်အစားချွတ်လိုက်ချိန်မှာတော့ရင်ဖိုလှိုက်မောစရာကောင်းလောက်အောင်လှပတဲ့သူ့ခန္ဓာကိုယ်ကောက်ကြောင်းရဲ့ဆွဲဆောင်မှုကိုမခံနိုင်တော့ပဲ..။လူရိုးလူအေးကြီးတစ်ယောက်ဖြစ်တဲ့ဖရန်ဆွာ့ဇ်ရဲ့ဘဝကိုဒင်နီယယ်လာတစ်ယောက်ဘယ်လိုကမောက်ကမ ကျွမ်းထိုးမှောက်ခုံတွေဖြစ်အောင်မွှေနှောက်မလဲဆိုတာဆက်လက်ရှုစားကြပါ။ဒင်နီယယ်လာအဖြစ်သရုပ်ဆောင်ထားတဲ့ကမ္ဘာအလှဆုံးအမျိုးသမီးစာရင်းအကြိမ်ကြိမ်ဝင်ခဲ့တဲ့မမကြီး Monica Bellucci ရဲ့မိ့မွေးတိုင်းဖမွေးတိုင်းအလှအပတွေနဲ့ကြည့်လို့တန်စေမှာပါ။