Jan Dara The finale

jandara The Finaleဟာ အရင် Jandara the begining ရဲ့မပြီးသေးတဲ့၊ အဆက် ဖြစ်ပြီး အရင် ဇာတ်ကားထက် ပိုစိတ်ဝင်စားစရာ ကောင်းလာပါတယ်။ ထိုင်းနာမည်ကြီးဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ဒီဇာတ်ကားလေးဟာ drama နဲ့ လိင်အသားပေး ဇာတ်ကား ကောင်းလေးတစ်ကားဖြစ်ပါတယ် ဂျန်ဒါရာ အနေနဲ့အသက်ကြီး လာပြီး သူ့အိမ်တော်ကြီးကို ပြန်လာခဲ့တယ်။ သူ့အဖေ အရင်းဟာ ဘယ်သူဘယ်ဝါ ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပြီးမှပြန်လာတာပါ။ သူ့အနေနဲ့ ကလဲ့စားခြေပြီး Luang Vissanun-decha ရဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်လည်ချေဖျက်ဖို့ ကြိုးစား လာပါတော့တယ်။ အသေးစိတ် ထပ်ပြောပြရရင်တော့ အိမ်ကစွန့်ခွာခဲ့ရတဲ့ Jan Daraဟာကျေးလက်ရွာတစ်ရွာမှာ အဘွားဖြစ်သူနဲ့ သွားအခြေချနေထိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ Janရဲ့ ညီမနှစ်ဝမ်းကွဲ ကလည်း ပြဿနာတစ်ခုနဲ့ ကြုံတွေ့လာရပါတယ်။ဒါကို Janက အခွင့်ကောင်းယူပြီး လက်စားချေဖို့ ကြိုးစားတာပါ။ သူ့ဘဝကို ရှင်လျက်ငရဲကျအောင် လုပ်ခဲ့တဲ့ လူတွေကိုပေါ့။ ကဲ..ချစ်ခြင်းမေတ္တတရား တွေ ကာမဂုဏ်တွေ သူငယ်ချင်းရဲ့ ပံ့ပိုးမှုတွေက 'သူ့ကို ရှင်လျက်သေစေခဲ့တဲ့အရာတွေကိုပြန်ကလဲ့စားခြေ ရာမှာ ထောက်ပံ့ပေးနိုင်ပါ့မလား? လက်စားခြေ ဖို့ ဘယ်လို အခွင့်အရေး တွေ ရခဲ့သလဲ?ဘယ်လို စီမံ ခဲ့သလဲဆိုတာ။