Lust Caution

Wong chia chi(Tang Wei)သည်ဟောင်ကောင်တက္ကသိုလ်မှကျောင်းသူတစ်ဦးဖြစ်သည်။အချိန်ကာလကားဂျပန်တို့သည်အာရှတစ်ခွင်စိုးမိုးနေသည့်ကာလဖြစ်ပြီး၊တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ကျွန်းကိုပါသိမ်းပိုက်ရန်ကြံစည်နေသည့်အချိန်ကာလဖြစ်၏။ဟောင်ကောင်တွင်ဗြိတိသျှအလိုတော်ရိများအရေးမလှ၍ဆုတ်ခွာရန်ပြင်နေသည့်ဗြိတိသျှအရာရှိများ။ဟောင်ကောင်ကိုသိမ်းပိုက်ရန်နည်းလမ်းအမျိုးမျိုးသုံးလျက်ရှိသည့်ဂျပန်စပိုင်များအလိုတော်ရိများဖြင့်ဟောင်ကောင်သည်ကျီးလန့်စာစားကာလကိုဖြတ်သန်းနေရသည့်အချိန်ဖြစ်လေသည်။တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည့် wong chi သည်အတန်းဖော်သူငယ်ချင်းများနှင့်တက္ကသိုလ်တွင်မျိုးချစ်စိတ်ဖြစ်ထွန်းရန်ရည်ရွယ်သည့်တော်လှန်ရေးပြဇာတ်တစ်ခုတွင်ဝင်ရောက်သရုပ်ဆောင်ခဲ့ပြီးအဆိုပါပြဇာတ်သည်အောင်မြင်မှုရခဲ့၏။ထို့ကြောင့်သူမကိုတိတ်တခိုးချစ်ကြိုက်နေသည် Kuang Yu Min (wang leehom)ကအစီစဉ်တစ်ခုကိုသူမတို့အားပြောပြခဲ့၏။အစီအစဉ်ကရှန်ဟိုင်းတွင်ရှိနေသည့်ဂျပန်အလိုတော်ရိ mr yee(tony leung chiu wai)အားလုပ်ကြံရန်ဖြစ်သည်။kuang yuသည်သူ၏အစ်ကိုမှာဂျပန်တွေလက်ချက်ကြောင့်သေဆုံးခဲ့ရသည်ဖြစ်၍ဂျပန်တွေအပေါ်နာကျည်းချက်ရှိနေသူဖြစ်သည်။ကျန်တဲ့သူငယ်ချင်းတွေကတော့နိုင်ငံရေးနဲ့ပတ်သက်လိုနားလည်းမလည်အတွေ့အကြုံလည်းမရှိကြပေ။wong chi မှာလည်းထို့အတူပင် အပေါင်းအဖော်ကောင်းလွန်းသဖြင့်သာပါသွားခဲ့ရသည်။သူမစိတ်ထဲတွင် အဝေးရောက်ဖခင်ဖြစ်သူနဲ့သာတွေ့လိုစိတ်ရှိသူဖြစ်ပေသည်။သူမသည်လှပချောမောသူတစ်ဦးဖြစ်၍အဓိကနေရာတွင်ပါဝင်ရန်သူငယ်ချင်းများကအကြံဉာဏ်ပေးခဲ့သည်။ wong chi ဆိုတဲ့ကောင်မလေးခမျာအိမ်ထောင်ပျက်လူကုံတန်တစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့လေသည်။တကယ်တော့သူမထင်သလောက်mr yeeကိုလုပ်ကြံဖို့မလွယ်လှပါ။သူသည်စွန်ရဲတစ်ကောင်မျက်လုံးလိုတစ်ဖက်သား၏လျှို့ဝှက်ချက်ကိုရှာဖွေနိုင်သူဖြစ်သည်။wong chi သည်မာယာပရိယာယ်အသွယ်သွယ်သုံးပြီးသူ့အနားကိုချဉ်းကပ်ခဲ့သည်#4171;သူသည်ဘယ်သူ့ကိုမှအယုံအကြည်မရှိ။အမြဲတမ်းအလုပ်ကိစ္စတွေနဲ့ရှပ်ထွေးနေသည်။တစ်ညတွင်သူမအိမ်ထဲကိုဖိတ်ခေါ်ခဲ့သော်လည်းသူကလိုက်မလာခဲ့ပါ။အိမ်ထဲတွင်သူဝင်လာပါကလုပ်ကြံဖို့စောင့်နေကြသည့်သူငယ်ချင်းတွေရှိသည်။သူကပါးနပ်စွာလှည့်ထွက်သွားခဲ့၏။သူမသည်mr yeeကိုလုပ်ကြံရန် ကြိုးစားရင်းနဲ့ သူမ နှလုံးသားထဲတွင်သူကိုတစ်စတစ်စနေရာပေးလာပြီမှန်းသတိမပြုမိခဲ့ပါ။mr yee ပေးထားသည့်တိုက်အိမ်ကြီးမှာနေထိုင်ရင်းသူပြန်လာမယ့်အချိန်ကိုအလှပဆုံးပြင်ဆင်ပြီးလိမ်းပြီးစောင့်နေရ၏။သူပြန်လာပြီဆို သူမပျော်ရ၏။သူ၏ပုံသဏ္ဍာန်သည်နာနတ်သီးခွံများကြားတွင်လပေါင်းများစွာနေထိုင်ခဲ့ရသည့်ဝါးရင်းတုတ်တစ်ချောင်းသဖွယ်မာကျောခက်ထန်လွန်းလှ၏။သူ့ဘဝကောင်းကျိုးသာကြည့်ပြီးအရာရာကိုစတေးဝံ့သူဖြစ်သည်။ပြုံးခဲရယ်ခဲသည်တစ်ခါတစ်ရံသူမကသီချင်းဆိုပြသောအခါသူမျက်နှာသည်နူးညံပျော့ပျောင်းပြီးကလေးလေးတစ်ယောက်လိုချစ်စရာကောင်းလွန်းလှပါသည်။ကျားရဲတစ်ကောင်လိုခက်ထန်မှုတွေနဲ့သူမအပေါ် ရမ္မက်မိုးတွေသွန်ချသောအခါတွင် wong chiခမျာနာကျင် မိန်းမောစွာရမ္မက်နွံထဲမှာနစ်ကျွံခဲ့ရသည်။ ရက်စက်လွန်း၍ မုန်းတီးခဲ့ရသည်။ထို့အတူဆန့်ကျင်စွာချစ်လွန်းမိခဲ့ပြန်သည်။တစ်ခါတစ်လေမှာသူ့ရဲ့မျက်ဝန်းရိပ်တွေထဲကိုသူမဆီထားရှိသည့်အကြင်နာမေတ္တာကိုအငမ်းမရ ရှာဖွေဘူးပါသည်။တိမ်ရေးပန်းချီနယ်အခိုက်အတန့်မျှသာပဲ၊သူပြောလေ့ရှိသည့်ငါဘဝမှာယုံကြည်မှုနဲ့တည်ဆောက်လို့မရပါဘူး။တစ်ဦးတစ်ယောက်ကိုယုံကြည်လိုက်ရင်အဲဒီအချိန်ဟာ၂ ငါ့ဘဝအဆုံးသတ်မယ့်နေ့ပဲ။ဒါပေမယ့်။ငါမယုံကြည်မှုထဲမှာမင်းမပါပါဘူးမိန်းကလေးရယ်။သူ့ပါးမို့မို့လေးနှစ်ဘက်ကိုယုယစွာပွတ်သပ်ပြီးပြောလေ့ရှိတဲ့စကားတွေပါပဲရှင်။အမြဲတမ်း ဒေါသမောဟတွေရစ်ထွေးနေတဲ့သူ့မျက်နှာလေးကကျွန်မကြောင့်ပြေလျော့ချောမွေ့သွားပြီဆိုလမိုက်ညကကြယ်ပွင့်ကလေးတွေ့လိုက်ရသလိုပဲလေ။တကယ်ဆိုသူလိုလူမျိုးကိုကျွန်မခါးခါးသီးမုန်းရမှာ၊ကိုယ့်တိုင်းပြည်ကိုတစ်ပါးသူလက်ထဲထိုးထည့်နေတဲ့သစ္စာဖောက်တစ်ယောက်ကိုရက်ရက်စက်စက်နင်းချေပစ်ရမှာ။ဒါပေမယ့်အသည်းနှလုံးထဲကလှိုက်လှိုက်လှဲလှဲချစ်မိနေသတဲ့။ကိုယ့်အပေါ်အပျင်းပြေဖျော်ဖြေရုံမယားငယ်သာသာတစ်ယောက်လောက်သဘောထားတဲ့သူကိုကျွန်မချစ်မိနေသတဲ့။အံ့ဩဖို့မကောင်းဘူးလား။ဘာတွေဆက်ဖြစ်မလဲဇာတ်လမ်းမှာကြည့်ကြပါ။