Marriage With A Liar

ကိုယ်နဲ့လက်ထပ်မယ့်လူတယောက်ဟာကိုယ့်အပေါ်ဖုံးကွယ်ထားတာတခုခုရှိတယ်လို့သိခဲ့ရင်ဘယ်လိုလုပ်မလဲ။အထူးသဖြင့်အိမ်ထောင်ဘက်အပေါ်ဖောက်ပြန်တာမျိုးပေါ့။စိတ်ဆိုးတာပဲဖြစ်ဖြစ်စိတ်ကုန်တာပဲဖြစ်ဖြစ်စိတ်အခြေအနေပြောင်းသွားမယ်ထင်ပါတယ်။ဒါပေမယ့်သူ့ဘက်ကအဲ့လိုဖြစ်ခဲ့တာကိုမပြောဘဲဖုံးကွယ်ပြီးလက်ထပ်ခဲ့ရင်ရောအဓိကကတော့လက်ထပ်တယ်ဆိုတာစိတ်ချမ်းသာဖို့ပဲမလားဒီနေရာမှာသူငယ်ချင်းအပေါင်းအသင်းတွေရဲ့အခန်းကဏ္ဍဟာတော်တော်အရေးပါတယ်။နှစ်ဖက်အပေါင်းအသင်းတွေဆေးဝိုင်းထိုးလိုက်လို့ပြတ်သွားတဲ့အတွဲတွေရှိသလိုနှစ်ဖက်အပေါင်းအသင်းကောင်းမှုနဲ့ညားကြလေသတည်းတွေလည်းရှိတာကိုးတခါတလေဆေးထိုးတာမဟုတ်ပဲသူငယ်ချင်းအတွက်စိတ်ပူလို့ဆိုပြီးပြောတဲ့စကားတိုင်းကိုလည်းမယုံဖို့လိုပါတယ်။ချစ်တယ်ဆိုရင်ယူသာယူလိုက်ပါ။အညွှန်းတော့မဟုတ်ပါဘူးဒီဇာတ်ကားကိုဘာသာပြန်ရင်းတွေးမိတာလေးပါဇာတ်ကားထဲကမောင်နဲ့မယ်ကတော့လက်မထပ်ခင်သုံးရက်အလိုကိုပြဿနာတွေတက်ကြနောက်တယောက်စီနဲ့အိပ်ကြတာပါ။18တော့နည်းနည်းပေါင်းထားပါတယ်။သူတို့ပြန်အဆင်ပြေပြီးတကယ်လက်ထပ်ဖြစ်ပါ့မလားသိချင်ရင်တော့ကြည့်လိုက်ပါ။