အယ်လ်ဘာနဲ့နာတာရှာတို့ရဲ့ရောမမြို့ခရီးကရင်ဖိုဖွယ်ညများအကြောင်းဆွဲဆောင်မှုရှိစွာရိုက်ပြထားတဲ့ဒီဇာတ်ကားဟာဆိုရင်ပရိသတ်တွေရဲ့အားပေးမှုကိုလည်းထပ်မံရရှိဦးမယ်ဆိုတာသံသယဖြစ်ဖွယ်ကိုမရှိပါဘူး။အယ်လ်ဘာဟာလိင်တူစိတ်ဝင်စားတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီးလိင်တူစိတ်ဝင်စားခြင်းမရှိတဲ့နာတာရှာကိုဘယ်လိုဆွဲဆောင်ခဲ့သလဲဆိုတာကလည်းစိတ်ဝင်စားဖွယ်ရာပါ။သူတို့နှစ်ရောက်ရဲ့အချစ်ဇာတ်လမ်းကတော့နာတာရှာဟာအယ်လ်ဘာကိုရောမမြို့ကဟိုတယ်ခန်းတစ်ခုတည်းမှာသူနဲ့တူတူနေခွင့်ပြုလိုက်ရာကစတာပါပဲ။တစ်ယောက်နဲ့တစ်ယောက်ဘဝအခက်အခဲတွေဒုက္ခတွေကိုရင်ဖွင့်ကြရင်းအချင်းချင်းကရုဏာသက်သွားကြပုံပါပဲ။အစပိုင်းမှာနာတာရှာတင်းခံနေသယောင်ရှိခဲ့ပေမယ့်တဖြည်းဖြည်းချင်းနဲ့သူတို့နှစ်ယောက်ဟာညတွေကိုပိုပြီးလှပသွားအောင်အတူတကွဖန်တီးခဲ့ကြပါတော့တယ်။ ဒီဇာတ်လမ်းလေးဟာရိုမန့်တစ်ဆန်ဆန်နဲ့ချစ်ခြင်းကြင်နာခြင်းကရုဏာသက်ခြင်းတို့ရဲ့အခြားနယ်တစ်ဘက်ကိုအနုပညာဆန်ဆန်ရိုက်ပြသွားတာပါ။အသံပိုင်းဆိုင်ရာကလည်းပိုပြီးပီပြင်သွားအောင်ထောက်ပံ့ပေးခဲ့ပါသေးတယ်။Sex Sence 18+တွေကတစ်ကားလုံးနီးပါးပြည့်နေတာမို့အရွယ်မရောက်သေးသူများမကြည့်သင့်တဲ့ကားထဲမှာပါတယ်ဆိုတာသတိရစေချင်ပါတယ်။