Searching for the Elephant

အဓိကသရုပ်ဆောင်သုံးယောက်ဖြစ်တဲ့ဟွန်ဝူး ဂျင်ဟော့ မင်ဆု တိုဟာငယ်သူငယ်ချင်းတွေဖြစ်ကျပြီး သူတို့ကိုယ်စီရူးသွပ်မှုတွေနဲ့ပြဿနာတွေကြားရုန်းကန်နေရသူတွေဖြစ်ပါတယ်။ဟွန်ဟာဓာတ်ပုံဆရာဖြစ်ပြီးစိတ်အတက်အကျမြန်တဲ့ရောဂါခံစားနေရသူဖြစ်ပါတယ်။ဂျင်ဟော့ကတော့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးနောက်ကောင်းကိုတော့ဘယ်သူမှမသိပါဘူး။မင်ဆုကဆရာဝန်တစ်ယောက်ဖြစ်ကာလိင်ဆက်ဆံမှုကိုစွဲလန်းနေသူတစ်ယောက်ဖြစ်ပြီးသူ့မိန်းမဆိုးယွန်းအပေါ်မှာသစ္စာဖောက်နေခဲ့ပါတယ်။ဒါပင်မဲ့မင်ဆုဟာသူငယ်ချင်းဖြစ်သူဟွန်ဝူးရဲအကြံပေးချက်အရသူမကောင်းတဲ့အကျင့်တွေကိုဖျက်ဖို့အတွက်နဲ့စိတ်ရောဂါကုဆရာဝန်ဆီကိုသွားခဲ့ပါတယ်။ဟွန်ဝူကလဲသူနဲအဖော်လိုက်သွားပေးခဲ့တယ်။အဲ့ဆေးရုံမှာဟွန်ဝူး၊ ဟာစိတ်ရောဂါဆရာဝန်ဆရာမလေးတစ်ယောက်နဲ့တွေ့ခဲ့ပြီးသူရောဂါအတွက်အကူအညီတွေရခဲ့ပါတယ်။အဲ့အချိန်မှာဘဲမင်ဆုမိန်းမဆိုးယွန်းနဲ့ဂျင်ဟော့ကလဲပတ်သတ်မှုတွေရှိနေခဲ့ပါတယ်။အဲ့လိုအခြေအနေတွေကြားမှာမင်ဆုတို့ရဲသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်သွားမလဲ။