XXX
Seven Women for Satan
အေးဆေးတဲ့စိတ်သဘောထားရှိတဲ့စီးပွားရေးလုပ်ငန်းရှင်ဇာရော့ဟာပိတ်ရက်တစ်ခုမှာသူပိုင်တဲ့ ရဲတိုက်ဟောင်းကြီးတစ်ခုဆီကိုအလည်အပတ်ထွက်လာခဲ့တယ်။သူကိုယ်တိုင်ကငြိမ်းချမ်းစွာနေထိုင်တတ်ပေမဲ့သူ့မိသားစုမျိုးရိုးစဉ်ဆက်လိုက် ရက်စက်တဲ့စိတ္တဇလူသတ်သမားတွေဖြစ်ပြီးသူ့ကိုယ်ထဲမှာလည်းအဲဒီ့ဗီဇတွေကကိန်းအောင်းနေတာပါပဲ။သူ့တို့မိသားစုရဲ့အိမ်တော်ထိန်းတွေကလည်းအဲဒီအစဉ်အလာကိုစောင့်ထိန်းခဲ့တာဖြစ်ပြီး ဇာရော့ကိုလည်းသူ့ရဲ့ရက်စက်တဲ့ဗီဇတွေနိုးထလာစေဖို့ကြိုးစားပါတော့တယ်။အဲဒါအတွက်တစ်ခုတည်းသောအတားအဆီးကတော့သေဆုံးသွားပြီးဖြစ်တဲ့ဇာရော့စိတ်ထဲကချစ်သူအန်နာရဲ့ပုံရိပ်ပါ။ကျန်တာတွေကိုတော့ဆက်ကြည့်လိုက်တာ ကောင်းပါတယ်။ရက်စက်သောပြကွက်အချို့နဲ့ လိင်အသားပေးခန်းများသာပါဝင်တာမို့ 18+ သတ်မှတ်ထားပါတယ်။မိသားစုနဲ့အတူကြည့်ရန် မသင့်တော်ပါ။