Survival island

အပျော်စီးသင်္ဘောပေါ်မှာလာအပန်းဖြေကြတဲ့သူငယ်ချင်းအုပ်စုပိုက်ဆံစိုက်ထုတ်ထားတဲ့အဖွဲ့ခေါင်းဆောင်ဂျက်နဲ့ သင်္ဘောပေါ်ကစားပွဲထိုးကောင်လေးတို့ဟာစိတ်အခန့်မသင့်ဖြစ်ကြရင်းမတည့်ကြတော့ဘူး။ပြီးတော့သင်္ဘောဟာမတော်တဆမီးလောင်သွားတဲ့အခါ အကုန်လုံးသက်ကယ်လှေပေါ်ဆင်းပြေးကြရင်းရေနစ်တဲ့လူကနစ်၊ကမ်းပေါ်မျောတဲ့လူကမျောပေါ့။ကောင်လေးနဲ့ဂျက်ရဲ့မိန်းမဆို့ဟာကျွန်းပေါ်ကိုပထမဆုံးရောက်တဲ့လူတွေဖြစ်ကြပါတယ်။ကောင်လေးမန်နူရယ်ကဂျက်ရဲ့မိန်းမဂျန်နီကျုစတွေ့ကတည်းကစွဲလမ်းနေခဲ့ပြီးအခုနှစ်ယောက်ထဲကျွန်းပေါ်ရှိနေတဲ့အခါပိုးပန်းစကားတွေပြောတော့တယ်။တစ်ရက်မန်နူရယ်ရေငုပ်သွားရင်းဂျက်ကိုသောင်ပေါ်မှာမေ့နေတာတွေ့တော့ကယ်လာခဲ့တယ်။ဒါပေမဲ့အတ္တကြီးပြီးမိန်းမကိုတအားသဝန်တိုတတ်တဲ့ဂျက်ဟာမန်နူရယ်ကိုကျေးဇူးမတင်ပဲမိန်းမလုဖက်လိုသဘောထားပါတော့တယ်။ဆက်လက်ပြီးဂျက်နဲ့မန်နူရယ်တို့ဘယ်လိုတိုက်ကြမလဲ။ဂျန်နီကရောတစ်ချိန်လုံးခနဲ့စကားတွေပြောနေတဲ့ယောက်ျားဆီမှာပဲဆက်နေမလား။သူ့အပေါ်ကောင်းတဲ့မန်နူရယ်ဆီပဲသွားမလား။ဘယ်လိုဆက်ဖြစ်လဲဆိုတာဇာတ်လမ်းထဲမှာပဲကြည့်ကြရအောင်။