အသက်၂၅ပတ်ဝန်းကျင်ရှိသူဌေးသားလူငယ်တစ်ယောက်ဂျာနယ်လစ်သတင်းရေးသူတစ်ယောက်အဖြစ်နဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ကြိုးစားနေတယ် ။ တစ်နေ့မှာတော့သူ့အလုပ်ကသူ့ကိုအကြောင်းမယ်မယ်ရရမရှိဘဲအလုပ်ထုတ်လိုက်တယ်။လေလွင့်သွားလာရင်းဘားတစ်ခုမှာကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်။ကောင်မလေးက စတန်းဖို့တက္ကသိုလ်ကနေဘွဲ့ရထားတဲ့ပညာတတ်မိန်းကလေး။ဒါပေမယ့် မိန်းကလေးက Escorts ခေါ်တဲ့လူကြီးလူကောင်းတွေကိုကြေးကြီးကြီးနဲ့ဖျော်ဖြေရတဲ့အထက်တန်းစား ရွှေကြာအလုပ်ကိုလုပ်နေတယ်လို့ပြောလာတော့သူအံ့သြရတယ်။ဒီလိုနဲ့ထိပ်တန်းမဂ္ဂဇင်းတစ်ခုမှာအလုပ်ရဖို့အတွက်ဒီမိန်းကလေးအကြောင်းကို(မိန်းကလေး အမည်မဖော်ပြဘဲ)သူရေးချင်လာတယ်။မိန်းကလေးကိုခွင့်တောင်းတော့အပြန်အလှန်အခြေအတင်ပြောကြရင်းမိန်းကလေးနဲ့အချိန်တချို့တွေ့ဆုံပြီးအင်တာဗျူးခွင့်ရလာတယ်။သူတို့အတူတူရှိလာတဲ့အခါဒီလိုအထက်တန်းစားပညာတတ်တစ်ယောက်ကဒီလိုအလုပ်မျိုးဘာလို့လုပ်ရလဲသူလိုသူဌေးသားတစ်ယောက်ကရောအခန်းခတောင်ပေးဖို့ခက်ခဲရတဲ့ဘဝမှာဘာလို့ ကျင်လည်နေရလဲ?ဒီလိုမေးခွန်းတွေရဲ့အဖြေတွေကြားမှာသံယောဇဉ်ဖြစ်လာတဲ့အခါဘယ်လိုရှေ့ဆက်ကြလဲ?ဘယ်လိုစိတ်နဲ့လမ်းခွဲမလဲ?ဒီလိုအခြေအနေတွေဖြစ်လာပါတယ် ။