XXX
The Hidden Face
ဘားတစ်ခုမှာအလုပ်လုပ်တဲ့ဖာဘီယာဆိုတဲ့မိန်းမလှလေးဟာသူ့တို့ဆီမှာအရက်လာသောက်ရင်းအမူးလွန်ငိုကြွေးနေတဲ့သူစိမ်းယောက်ျားတစ်ယောက်နဲ့ မမျှော်လင့်ပဲပတ်သက်မိခဲ့ပါတယ်။အချိန်တိုအတွင်းမှာသံယောဇဉ်ကြီးမိရာကနေသိလိုက်ရတာကအဲ့ဒီလူဟာအေဒရီယန်ဆိုတဲ့ဂီတမှူးတစ်ယောက်။သူ့ နဲ့အတူနေရည်းစားကသူ့နဲ့ရှေ့မဆက်နိုင်တော့ပါဘူးလို့ပြောပြီးအိမ်ကနေထွက်သွားရာကနေပျောက်နေတယ်။ရဲတွေကပါလိုက်ပြီးအမှုဖွင့်စုံစမ်းကြရာကနေရက်ကြာလာတော့ အေဒရီယန်ကိုပါသံသယတရားခံအဖြစ်သတ်မှတ်ထားကြတဲ့အခြေအနေ။ဖာဘီယာဟာအေဒရီယန်တို့အိမ်မှာလိုက်နေဖြစ်တယ်။တစ်ယောက်တည်းရှိချိန်ဆိုရင်အိမ်ထဲကထူးခြားတဲ့အသံတွေကြားရတယ်။လျှပ်စစ်မီးတွေပျက်လိုက်လာလိုက်ဖြစ်တာ သူ့ကိုတစ်ယောက်ယောက်စောင့်ကြည့်နေသလိုခံစားချက်မျိုးတွေရလာတဲ့အခါ။အေဒရီယန်ရဲ့ရည်းစားဟာတကယ်ပဲသူ့ဟာသူအိမ်ကထွက်သွားတာလား?ဒီပျောက်ဆုံးမှုမှာအေဒရီယန်ကိုယ်တိုင်ရောရိုးသားရဲ့လား?သူတစ်ယောက်တည်းရှိချိန်တွေမှာကြားနေရတဲ့အသံတွေထူးခြားဖြစ်စဉ်တွေရဲ့တရားခံကဘယ်သူလဲ?အစကနေအဆုံးထိသိချင်စိတ်နဲ့ရင်တစ်ထိတ်ထိတ်ကြည့်ရမှာပါ။ဥရောပကားတွေထုံးစံအတိုင်းလိင်ခန်းတစ်ချို့ပွင့်လင်းတာတွေပါတဲ့အတွက်18+ပါ။မိသားစုနဲ့ကြည့်ဖို့အဆင်မပြေလောက်ပါဘူး။