ဆရာကြီးပီမိုးနင်း မိန်းမစိတ်ကျမ်းထဲထည့်ရေးဖူးသလို မိန်းမစိတ်ဟာ ဆန်းပါတယ်။သူပြခဲ့တဲ့ ဥပမာဆိုရင်တော့.. “မိန်းမတစ်ယောက်ဟာ ပုံပျက်ပန်းပျက်ရုပ်ဆိုးပြီး ဗလကောင်းနေတဲ့လူတစ်ယောက်ကို လှမ်းအမြင်မှာ အလိုလိုချစ်သွားပြီး အနီးကပ်မှ သူ့ယောကျာ်းမျက်နှာဒဏ်ရာရလာတာမှန်း သိရတော့ စိတ်မပါတော့တာမျိုုးပါ”။အရာရာရွှေအတိကျပြီးခဲ့တဲ့အနာဂတ်ရယ် ဆန္ဒအလိုလိုက်မှုတွေရယ် ကြားမှာ ဂုဏ်သရေရှိပညာတတ်Aprilဆိုတဲ့ကောင်မလေးတစ်ယောက် ကလေကချေ အရိုင်းအစိုင်းတစ်ကောင်ကိုဆက်ဆံတဲ့ပုံတွေကတော့ တကယ့်ကို နားလည်ရခက်ခက်ပါပဲ။ မိန်းမဆိုတဲ့ ကျမ်းကြီးကိုလူအတော်များများကတော့ အနှေးနဲ့အမြန်လေ့လာရမှာပါပဲ။ဒီဇာတ်လမ်းကတော့ နားလည်ရခက်မယ့်မိန်းမစိတ်အကြောင်းလေ့လာရာမှာ တစ်ထောင့်တစ်နေရာက အထောက်အကူဖြစ်စေမှာပါ ထုံးစံအတိုင်း ပညာယူရင်းမင်းသမီးချောလေး SHEIRLYN FENNရဲ့ တစ်ကြောင်းမျဉ်းအလှတရားပေါင်းများစွာကို တဝကြီးတွေ့ရမှာပါ…၁၈+အခန်းပေါင်းများစွာပါသဖြင့် မိသားစုနှင့်အတူမကြည့်သင့်ပါ။