IMDd Rating 6/10ပါ။Eroticလိုင်းအနေနဲ့တော့မဆိုးဘူးပြောရပါမယ်။မင်းသမီးလေးလည်းတော်တော်လှပါတယ်။ဒီရုပ်ရှင်နဲ့ပဲ TIFF Award for Best Performance ဆုရသွားခဲ့တာပါ။တစ်နာရီဆိုတဲ့ပြသချိန်တိုတိုလေးနဲ့မလိုက်အောင်ပါဖော်မန့်ကောင်းတယ်ဆိုတဲ့သဘောပါပဲ။Eroticအသားပေး Drama film ဆိုတဲ့အတိုင်းလိင်မှုကိစ္စတော့အတော်ပါပါတယ်။ဇာတ်လမ်းပြောပြရရင်လန်ကာဟာအသက်၃၀မှာအောင်မြင်တဲ့သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ဖြစ်နေပါပြီ။လူနာတွေကသူနဲ့မှပြချင်ကြသလိုလုပ်ဖော်ကိုင်ဘက်တွေကလည်းသူ့ကိုလေးစားကြပါတယ်။ဒါပေမဲ့တဖက်မှာလည်းသူ့ရဲ့အိမ်ထောင်ရေးကအဆင်မပြေပါဘူး။သူ့ခင်ပွန်းဖြစ်သူဆယ်ရို့ဂျ်က လုပ်ဖော်ကိုင်ဘက်ဖြစ်သူခါဂျာနဲ့ဖောက်ပြန်နေတယ်လို့လန်ကာကတထစ်ချယုံကြည်နေပါတယ်။ဒီလိုနဲ့ခင်ပွန်းဖြစ်သူကြောင့်စိတ်ထိခိုက်ပြီးထင်ရာစိုင်းမိရာကနေဘာတွေဆက်ဖြစ်ကုန်မလဲဆိုတာတော့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့MMTပဲဖြစ်ပါတယ်)