ကားနာမည်နဲ့တင် ဝါသနာရှင်တွေက ဘယ်လိုဇာတ်လမ်းမျိုးဆိုတာ ကျိန်း​သေသိကြမှာ​ပါဒါက​တော့ ဖိလစ်ပိုင်ဟာသဇာတ်မြူး အသစ်စက်စက်​လေးပါအိုင်ဗီ ထရီနီဒတ်နဲ့ ပက်ထရစ်ရှာတို့က သိပ်ချစ်ကြတဲ့ Lesbian​လေး​တွေပါ၊ တွဲလာတာလည်း ၆နှစ်​ကျော်လို့ ၇နှစ်ပြည့်​တော့မယ့် သက်​တော်ရှည်အတွဲ​လေးပါ၊ တွဲပြတ်​တွေနဲ့​တော့ ကွာ​တာ​ပေါ့​နော့။ ဒါ​ပေမဲ့ မိန်းက​လေးချင်း ၇နှစ်အထိ​တွဲလာတာနဲ့အမျှ “​သွေးသားဆန္ဒ” ဆိုတာ အလိုလို​ပေါ်ထွက်လာတာပါပဲ၊ ပက်ထရစ်ရှာက အဲ့ဒီ​သွေးသားဆန္ဒ​ကြောင့် သူတို့နှစ်ဦးရဲ့ Lesbian ချစ်​ခြင်းလေး ပျက်စီးသွားမှာကို အရမ်းစိုးရိမ်လာပါတယ်၊အဲ့ဒါ​ကြောင့် သူတို့ရဲ့ဆန္ဒလည်း ပြည့်၊ သူတို့ရဲ့ချစ်ခြင်းကိုလည်း မခွဲနိုင်တဲ့ ကြားလူ​ယောကျ်ားတစ်​ယောက်ကို ချစ်သူနှစ်​ယောက် ရှာပုံ​တော်ဖွင့်ပါ​တော့တယ်၊အဲ့ဒီကြားလူကို ဘယ်လိုသတ်မှတ်ချက်​တွေနဲ့ ရှာ​ဖွေမလဲ? ဘယ်​ယောကျာ်းကို ​ရွေးချယ်လိုက်မလဲ?အဲ့ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ဘာ​တွေဆက်ဖြစ်မလဲ? ဘယ်လို​တွေ လွဲကြ​ချော်ကြ ….. ခွီရမလဲဆိုတာကို….အ​ပြောအဆို ဗွင်းဗွင်းရှင်းရှင်း၊ ဇာတ်ဝင်ခန်းတချို့နဲ့ အပီအပြင်ရိုက်ပြထားတာမလို့ မိသားစုနဲ့အတူကြည့်လို့မရဘဲ ၁၈​ယောက် စုကြည့်ရမယ့် ဟာသ​ကား​လေးပဲ ဖြစ်ပါတယ်၊မင်းသမီးနှစ်​ယောက်ကလည်း ​တောင့်​တောင့်​​ဖြောင့်​ဖြောင့်​ကတစ်မျိုး၊ သွယ်သွယ်လျလျ​​က တစ်ဖုံ ဖြစ်တာမလို့ အရသာနှစ်မျိုးကို တပြိုင်တည်းခံစားရမှာပါ၊အား​ပေးကြည့်ရှုလိုက်ကြပါဦး